ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့် 

နေပြည်တော်   ဇန်နဝါရီ   ၂၉

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ် အသုံးပြုမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက “စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် ထုတ်ပေးမှု အပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်ထုတ်ပေးမှုများကို Tradenet 2.0 အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် Tradenet 2.0 စနစ် အသုံးပြုရာတွင် လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ Tradenet Brief၊ ပသကနှင့် ဆက်စပ်ကတ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပသကနှင့် ဆက်စပ်ကတ်များ လျှောက်ထားခွင့်ပြုမှု စနစ်အသုံးပြုမှု၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျှောက်ထား/ ခွင့်ပြုမှုစနစ်အသုံးပြုမှု၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay) ဘာသာရပ်များကို ကုန်သွယ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ ဌာနခွဲအသီးသီးမှ သင်တန်းနည်းပြများက သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း” ပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၄၆ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ နှစ်ရက် ပို့ချသင်ကြားမည်ကြောင်း သိရသည်။

သတင်းစဉ်