ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  ၁၇ မေ 
    

ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
    

အခမ်းအနားတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်း ကော်မတီဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးအောင်ထူးက အမှာစကား ပြောကြားရာတွင် ၂၀၂၀-၂၀၂၅ ခုနှစ်တွင် အမျိုးသား ပို့ကုန်မဟာဗျူဟာ (NES) အကောင်အထည်ဖော်မှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC) မှ ဦးစားပေးကဏ္ဍများ အဆိုပြုတင်ပြခြင်းနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ဆိုင်ရာကိစ္စရပ်များအား လာရောက် ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအပေါ် ITC မှ အဆိုပြုရွေးချယ်တင်ပြထားသည့် ဦးစားပေးကဏ္ဍများနှင့် အထောက်အကူပြုကဏ္ဍများကို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ သဘောထားမှတ်ချက် ရယူအတည်ပြုရန် ဖြစ်ပါကြောင်း၊ 

 

1


ဆက်လက်ပြီး မြန်မာနိုင်ငံပရိဘောဂ စက်မှုလက်မှုအသင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့မှ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ်  ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
    

ထို့နောက် တက်ရောက်လာကြသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေး မြှင့်တင် ရေးလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ဖြည့်စွက်ဆွေးနွေး၍  တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းအလိုက် အသင်းအဖွဲ့များ၊ သက်ဆိုင်သည့်ဝန်ကြီး ဌာနများမှ  ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)