ကူးစက်မှုတွေမြင့်တက်နေစဉ် ကန့်သတ်ချက်တွေ ဖြေလျှော့ခဲ့တဲ့ ရုရှား

 

အလင်းသစ်

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၄၀၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃၇၈၀၀၀ ရှိနေချိန်မှာ ရုရှားနိုင်ငံဟာလည်း အမေရိကန်နိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ပြီးရင် ကမ္ဘာမှာ တတိယ ကူးစက်မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ အဲဒီလိုရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်နေစဉ်ကာလမှာပဲ မော်စကိုအာဏာပိုင်တွေဟာ ခရီး သွားလာခွင့်ဆိုင်ရာကန့်သတ်ချက်တွေကို ဇွန် ၁ ရက်မှစပြီး ဖြေလျှော့ပေးလိုက်ပြီဖြစ်ပါတယ်။

 

ရုရှားနိုင်ငံဟာ မတ်လနောက်ပိုင်း ကတည်းကစတင်ကာ နိုင်ငံရဲ့ဒေသ အများစုမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေ ချမှတ်ခဲ့တာဖြစ်ပါ တယ်။ ဒါပေမယ့် နိုင်ငံရဲ့မြို့တော် မော်စကို မှာရှိတဲ့ ပန်းခြံတွေနဲ့ ဈေးဝယ်စင်တာတွေ ကို ဇွန် ၁ ရက်မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ ပြီး ပြည်သူတွေကိုလည်း သီတင်းပတ် ကိုးပတ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကန့်သတ်ထားတဲ့ လေ့ကျင့်ခန်းပြုလုပ်မှု တွေနဲ့ လမ်းလျှောက်ထွက်ခွင့်တွေကို ခွင့်ပြု ပေးခဲ့တာပဲဖြစ်ပါတယ်။

ကူးစက်မှုတွေမြင့်တက်နေဆဲ

 

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က လည်း ရုရှားနိုင်ငံဟာ နိုင်ငံရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု အထွတ်အထိပ် ရောက်တဲ့ကာလဟာ ပြီးဆုံးခဲ့ပြီလို့ ပြီးခဲ့ တဲ့ တစ်ပတ်အတွင်းက ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကူးစက်မှုတွေဟာ မြင့်တက်နေဆဲအခြေအနေမှာ ရှိတာကြောင့် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့တဲ့ အတွက်လည်း မေးခွန်းထုတ်မှု တချို့ရှိခဲ့ တာဖြစ်ပါတယ်။

 

ရုရှားနိုင်ငံဟာ ဇွန် ၁ ရက်မှာ ကိုရိုနာ ဗိုင်းရပ်စ် ထပ်မံကူးစက်သူဦးရေ ၉၀၃၅ ဦး နဲ့ သေဆုံးသူ ၁၆၂ ဦးရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ရုရှား နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေ စုစုပေါင်းဟာ ၄၂၃၇၄၁ ဦးအထိ ရှိလာခဲ့တာဖြစ်ပြီး အဲဒီအရေအတွက်ဟာ အမေရိကန်နိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ပြီးရင် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ တတိယအမြင့်ဆုံးကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ အရေအတွက်က တော့ လက်ရှိမှာ စုစုပေါင်း ၅၀၃၇ ဦးရှိခဲ့ တာဖြစ်ပါတယ်။

တာဝန်ရှိသူတွေကတော့ ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှု အရေအတွက်ကို အမြင့်ဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် သေဆုံးသူအရေအတွက် လျော့ကျလာ တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေ ကတော့ အမှန်တကယ် သေဆုံးသူအရေ အတွက်ဟာ လက်ရှိမှာမြင့်တက်နေဆဲဖြစ်တာ မို့ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံအပါအဝင် ဇွန် ၁ ရက်မှာ ဥရောပရဲ့နိုင်ငံတချို့ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့တာ တွေရှိခဲ့ပါတယ်။ အဲဒီနိုင်ငံတချို့ထဲမှာ ဂရိ နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတို့ဟာ မူလတန်းကျောင်း တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး နယ်သာလန်နိုင်ငံမှာတော့ စားသောက်ဆိုင် တွေ၊ ကော်ဖီဆိုင်တွေနဲ့ ပြတိုက်တွေကို ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီ နိုင်ငံမှာ ရုပ်ရှင်ရုံတွေနဲ့ ကဇာတ်ရုံတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး အီတလီနိုင်ငံ ကလည်း ရောမမြို့မှာရှိတဲ့ ဘဲဥပုံအမိုးမဲ့ပွဲကြည့် စင်ကြီးကိုလည်း ခရီးသွားတွေလာရောက်ခွင့် ပြုခဲ့တာဖြစ်ပါတယ်။

ခရီးသွားလာသူတွေကို ခွင့်ပြုပေးလျက်ရှိ

မော်စကိုမြို့တော်ဟာ ရုရှားနိုင်ငံရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု ဗဟိုချက်ဖြစ်ပြီး ကူးစက်ခံရသူအရေအတွက်ဟာ ထုတ်ပြန်ထား တာထက် သုံးဆလောက် မြင့်တက်လာနိုင် တာကို စိုးရိမ်မိတယ်လို့ မော်စကို မြို့တော်ဝန် ဆာဂျီဆိုဘိုင်ယာနင်က မေလအတွင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာတော့ ဈေးဝယ်စင်တာ တွေ၊ ဒိုဘီဆိုင်တွေ၊ စာအုပ်ဆိုင်တွေ၊ ကား အရောင်းဆိုင်တွေ အပါအဝင် မော်စကိုမြို့ အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းအတော် များများကို ဇွန် ၁ ရက်ကစပြီး ပြန်လည် ဖွင့်လှစ်ဖို့ မြို့တော်ဝန် ဆာဂျီဆိုဘိုင်ယာနင်က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် ထုတ်ပြန်ကြေညာထားတဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ပန်းခြံတွေကိုလည်း ခရီးသွားလာသူတွေကို ခွင့်ပြုပေးလျက်ရှိပါ တယ်။ ပြည်သူတွေကိုလည်း သူတို့ရဲ့ အိမ်လိပ်စာနဲ့ ဖန်တီးပေးထားတဲ့ အလှည့်ကျ ထွက်ခွာခွင့်စနစ်တစ်ခုကို အသုံးပြုလျက် နံနက် ၉ နာရီကနေ ည ၉ နာရီ အကြား တစ်ပတ်ကို သုံးကြိမ်လမ်းလျှောက်ထွက်ခွင့် ပြုသွားမယ်လို့လည်း မြို့တော်ဝန် ဆာဂျီဆို ဘိုင်ယာနင်က ပြောကြားခဲ့ပါတယ်။

 

ခြောက်သန်းကျော်ကြည့်ရှုခဲ့

လေ့ကျင့်ခန်း လုပ်ဖို့အတွက်ကတော့ ဒေသခံတွေကို နှာခေါင်းစည်းတွေဝတ်ဆင်ပြီး နံနက် ၅ နာရီကနေ ၉ နာရီအကြားခွင့်ပြုပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် လူအများ အပြားစုဝေးခွင့်ဆိုင်ရာ တားမြစ်ချက်တစ်ရပ် ကိုတော့ အနည်းဆုံး ဇွန် ၁၄ ရက်အထိ ဆက်လက်အသက်ဝင်နေဦးမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

တချို့ကတော့ လေ့ကျင့်ခန်းလုပ်ခြင်း ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို သရော်ခဲ့ ကြပြီး ဟာသလူရွှင်တော် မက်ဇင်ဂယ်ကင်က မြို့တော်ဝန်နဲ့ သမ္မတပူတင်တို့ဟာ မော်စကို မြို့သားတွေအတွက် ရင်အေးစေမယ့် အစီ အစဉ်တစ်ရပ်ကို ဆွေးနွေးနေကြတယ်လို့ အင်စတာဂရမ်မှာ ဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ရာမှာ လူဦးရေ ခြောက်သန်းကျော်ကြည့်ရှုခဲ့ကြ တယ်လို့ဆိုပါတယ်။

တိုက်ဆိုင်နေ

အခုလို ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိုက်ချိန် ဟာ တစ်ရက်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ ၇၀ ခန့်ရှိနေစဉ်အချိန်နှင့် ရုရှား နိုင်ငံရဲ့ မြို့တော်မော်စကိုမှာလည်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေဆဲ အချိန်နဲ့ တိုက်ဆိုင်နေတာလည်းဖြစ်ပါ တယ်။

 

ဒါပေမယ့် အဆိုးရွားဆုံးအခြေအနေဟာ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်းနဲ့ ရုရှားနိုင်ငံသမ္မတ ပူတင်ကလည်း အရွေ့တစ်ခုကိုသွားဖို့ အမှန် တကယ်ဆန္ဒရှိနေတယ်လို့ တာဝန်ရှိသူတွေက အခိုင်အမာပြောကြားခဲ့ပါတယ်။ သမ္မတပူတင် ဟာ (၇၅) နှစ်မြောက် ဗွီဒေးအခမ်းအနားကို လည်း အခုလနှောင်းပိုင်းမှာ ကျင်းပသွားဖို့ ပြန်လည်စီစဉ်ခဲ့ပြီးဖြစ်ပါတယ်။ သမ္မတ ပူတင် အား နောက်ထပ်သမ္မတသက်တမ်း နှစ်ဆက် ကို ခွင့်ပြုပေးလိမ့်မယ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ မဲပေးပွဲတစ်ခုကို လည်း ဇူလိုင် ၁ ရက်မှာ ကျင်းပသွားမယ် လို့လည်း သမ္မတပူတင်က ကြေညာခဲ့ပါ တယ်။

ရုရှားနိုင်ငံဟာ တစ်ရက်လျှင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် ၁၀၀၀၀ ကျော်နှုန်းနဲ့အတူ ရက်သတ္တတစ်ပတ်ကျော် ကြာ ကူးစက်ဖြစ်ပွားခဲ့တာဖြစ်ပြီး မော်စကို တစ်မြို့တည်းမှာပဲ တစ်ရက်လျှင် ၆၀၀၀ ကျော် ကူးစက်ဖြစ်ပွားခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ နိုင်ငံ တစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ စတင်ကျဆင်းနေပြီလို့ဆိုပါတယ်။ ဒါပေမယ့် ထပ်မံကူးစက်မှုတွေ မြင့်တက်နေခြင်းနဲ့အတူ ကန့်သတ်ချက်တွေ ဖြေလျှော့ရေးဆုံးဖြတ် ချက်အပေါ် မေးခွန်းထုတ်မှုတွေရှိနေဆဲပဲ ဖြစ်ပါတယ်။ အဲဒီလို မေးခွန်းထုတ်မှုတွေ ရှိနေ ပေမယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ရုရှားနိုင်ငံသားတွေကို လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

 

ကိုးကား-ဘီဘီစီ

 

 

ကြေးမုံ