ကူးစက်ရောဂါနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး သင်တန်း တနင်္သာရီတိုင်းဒေသကြီး၌ ဖွင့်လှစ်

သရက်ချောင်း  ၃၁   မေ  


တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်၌ ကူးစက်ရောဂါများ လျော့ကျစေရန်၊ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများပိုမိုလုပ်ဆောင်လာနိုင်စေရန်၊ ကျေးရွာစေတနာ့ ဝန်ထမ်းများနှင့် အရန်သားဖွားဆရာမများ ပူး
ပေါင်းလုပ်ဆောင်နိုင်ရန် ယခုလက်ရှိ လုပ်ဆောင်နေသော သွေးလွန်တုပ်ကွေးအစီအစဉ်ကို ပိုမိုအကောင်အထည် ဖော်လုပ်ဆောင်လာနိုင်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်  World Vision (မြန်မာ)တို့ ပူးပေါင်းကျင်းပသော ကူးစက်ရောဂါနှင့်ကျန်းမာရေးပညာပေးသင်တန်းဖွင့်ပွဲကို မေ ၃၀ ရက်နေ့ နံနက် ၉ နာရီက သရက်ချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာမှူး ဒေါက်တာပုည က အဖွင့်အမှာစကား ပြောကြားပြီး World Vision (မြန်မာ) သရက်ချောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးစီမံကိန်းမန်နေဂျာ စောစိုးချစ်ဦး က ကူးစက်ရောဂါနှင့်ကျန်းမာ ရေးပညာပေး သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပြီး သင်တန်းမှာ တစ်ရက်ကြာသင်တန်းဖြစ်ကြောင်း သိရသည်။


မျိုးချစ်ဦး(ပြန်/ဆက်)