ကူမင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ တတိယဆုရ မန္တလေးတက္ကသိုလ် အမျိုးသားဘောလုံးအသင်း ပြန်လည်ရောက်ရှိ

၁၅ ဇွန်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကြီးမှူးကျင်းပသော ဖိတ်ခေါ် The 5th Southeast Asia College Student Culture and Sports week-Kunming ပြိုင်ပွဲကို ဇွန်၃ရက်မှ ၁၂ရက်အထိ ကူမင်းမြို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု မန္တလေး တက္ကသိုလ် အမျိုးသားဘောလုံးအသင်းသည် ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တတိယဆု ဖလားရရှိခဲ့သည်။

တတိယဆုရ မန္တလေးတက္ကသိုလ် ဘောလုံးအသင်းသည် ဇွန်၁၃ရက် မွန်းလွဲ၂နာရီက တရုတ်လေကြောင်းလိုင်းလေယာဉ်ဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာရာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသီတာဝင်း၊ ဒုတိယပါမောက္ခချုပ်နှင့် တက္ကသိုလ်အားကစား ကော်မတီဝင်များနှင့် ကျောင်းသားကျောင်းသူများ ကြိုဆိုခဲ့ကြသည်။

မောင်ပြည်သူ(မန္တလေး)