ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် သွားရောက်ဆောင်ရွက်ပေးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်

တာမွေ   ဇွန်   ၅

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး၏ ဦးဆောင်မတည်မှုဖြင့် လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ လသာမြို့နယ်၊ လှိုင်မြို့နယ်၊ င်္ဃန်းကျွန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏  မိသားစုဝင်များအတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး အသီးသီးမှ စုပေါင်းထည့်ဝင် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များက လက်ခံရယူခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် တပ်ဖွဲ့ဝင်(၁၀)ဦး အတွက် ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)