ကျူရှူ ကျွန်းရှိ  လူပေါင်း ၆၇၀ဝ၀ဝ ကျော် ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန်အမိန့်ထုတ်

1

၂၉ သြဂုတ်

 

ဂျပန်နိုင်ငံ ကျူရှူကျွန်းမြောက်ပိုင်းရှိ နာဂါဆာကီ၊ ဖူကူအိုကာ နှင့် ဆာဂါ စီရင်စုများရှိ လူပေါင်း ၆၇၀ ဝ၀ဝ ကျော်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

 

သတ်မှတ်နှုန်းထား အဆင့် ၅ တွင် သတိပေးချက်အဆင့် ၄ အဖြစ် ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်ထားသည်။

 

ဆာဂါစီရင်စု ရှိ ဆာဂါမြို့ ၊ အိုင်မာရီ မြို့ ၊ တာကီအို မြို့ ၊ အာရီတာမြို့ ၊ အိုမာချီ မြို့ ၊ ကိုဟိုကူ မြို့ ၊ ဖူကူအိုကာ စီရင်စု ရှိ ကူရူမီ မြို့ ၊ အာဆာကူရာ မြို့နှင့် တူဟို ကျေးရွာ နာဂါဆာကီ စီရင်စုရှိ ဆာစီဘိုမြို့နှင့် မတ်ဆူရာ မြို့တို့တွင် ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် အမိန့် ထုတ်ပြန်ထားသည်။

 

ကယ်ဆယ်ရေး စင်တာများသို့ ချက်ချင်းပြောင်းရွှေ့ကြရန် ဒေသခံများကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။ ယခုလက်ရှိနေထိုင်နေကြသော အဆောက်အအုံများအတွင်း ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ကြရန် ပြည်သူများကို တာဝန်ရှိသူများက ညွှန်ကြားထားသည်။

 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို