ကယားပြည်နယ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

လွိုင်ကော် ဇွန် ၂၈

 

ကယားပြည်နယ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(/၂၀၂၄)ကို ဇွန် ၂၇ ရက်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြန်လည်ဝင်ရောက်လာသူများ စိစစ်လက်ခံရေးဆိုင်ရာ ကိစ္စရပ်များနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ လူမှုရေးရာဝန်ကြီးက ပညာရေး၊ ကျန်းမာရေး၊ သာသနာရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက အုပ်ချုပ်၊ ထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ဒေသကွပ်ကဲရေးမှူးက ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)