ကယားပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု ၇၀၀ သို့ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

လွိုင်ကော်   ဇန်နဝါရီ   ၂၆

 

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နေ ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံပစ္စည်းများဖြစ်သော ဆီ၊ ကုလားပဲ၊ စောင်၊ ခေါက်ဆွဲခြောက်၊ ကွေကာအုတ်၊ အသားတု၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ စသည်တို့ကို ဇန်နဝါရီ ၂၆ ရက်က လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေး (တောင်စျေး)အနီးတွင် ထောက်ပံ့ခဲ့သည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းကို ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မှ ဒုတိယ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးစိုးဝင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဇော်နိုင်နှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ အိမ်ထောင်စု ၇၀၀ အား အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)