ကယားပြည်နယ်အတွင်း ကျောင်းလာရောက်နှံအပ်သူ ၁၂၀၀၀ ကျော်ရှိ

လွိုင်ကော် ဇွန် ၁

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၆ ရက်နေ့ မှ ဇွန် ၁ ရက်နေ့အထိ သတ်မှတ်၍ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်စတင် လက်ခံသည့် မေ ၂၆ ရက်မှ ဇွန် ၁ ရက်နေ့အထိ သီတင်းပတ်အတွင်း ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း (၈၅) ကျောင်း၌ လာရောက်ကျောင်းအပ်နှံသော ကျောင်းသား ၊ ကျောင်းသူ (၁၂၂၉၇)ဦး ရှိပြီး ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကရိယာများကို (အခမဲ့) ထုတ်ပေးလျက်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ကိုဇင်(လွိုင်ကော်)