ကယားပြည်နယ်အတွင်းမှ ဝေးလံခေါင်သီသော ဒေသရှိ ကျောင်း ၃ ကျောင်းအတွက် ကျောင်းသုံးစာအုပ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့

ဘောလခဲ  ၃၀ ဇူလိုင် 


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဝေးလံခေါင်သီသော ဒေသရှိ ကျောင်း ၃ ကျောင်းတွင် အသုံးပြုရန် ကျောင်းသုံး ဗလာစာအုပ်များနှင့် အဖြူအစိမ်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်၊ ဘောလခဲမြို့ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၌ ပြုလုပ်သည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဟွေအော့အခြေခံပညာ မူလတန်းကျောင်း(ခွဲ) အတွက်(၁၀)ဦး၊ သာယာအခြေခံ မူလတန်းကျောင်းအတွက်(၄၅)ဦးနှင့် ကြယ်တံခွန်အခြေခံမူလတန်းကျောင်းအတွက် (၁၆)ဦး စုစုပေါင်း (၇၁)ဦးအတွက် ကျောင်းသုံးဗလာစာအုပ်(၇၁)ဒါဇင်နှင့် ကျောင်းဝတ်စုံ(၇၁)စုံတို့ကို ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွန်ကြားရေးမှူးဦးကျော်သက်က မြို့နယ်ပညာရေးမှူး ဦးဘယ်ညာမီးနိုထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


ဖိုးရယ်