ကယားပြည်နယ်၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများစတင်ထုတ်ချေး

လွိုင်ကော် မေ ၁၇

ကယားပြည်နယ်ရှိ တောင်သူလယ်သမားများအား မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို လွိုင်ကော်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မေ ၁၇ ရက် နံနက်ပိုင်းမှစတင်၍ နောင်ယား(က) ရပ်ကွက်ရှိ တောင်သူ ၁၄ ဦး (စပါးဧက ၈

အဆိုပါစိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူလယ်သမားများအား စပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀ဝ နှင့် အခြားသီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀ဝ နှုန်းဖြင့် ချေးငွေများ ထုတ်ပေးလျက်ရှိပြီး ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းသာ ကောက်ခံကြောင်း လွိုင်ကော်ခရိုင်၊  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဇော်မင်းခိုင်ထံမှ သိရသည်။

ကိုဇင်(လွိုင်ကော်)