လွိုင်ကော် ဇွန် ၁၈

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး တာဝန်ရှိသူများ၏ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ရှင်းလင်းတင်ပြမှုအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရုံးများကိုလည်း ကောင်း၊ ကော်ဖီပျိုးခြံ၌ မြေနိမ့်ကော်ဖီမျိုးဖြစ်သည့် ရိုဘတ်စတာကော်ဖီပျိုးပင် ၉၆၀၀ ကျော် ပျိုးထောင်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)