လွိုင်ကော် မေ ၁၈
လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် တက်ရောက်ပြီး သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူကာ သင်တန်းသား သင်တန်းသူများက“ထာဝရသစ္စာ” သီချင်းဖြင့် ကပြဖျော်ဖြေပြီး ပြည်နယ်အတွင်းရေးမှူးက ချီးမြှင့်ငွေများပေးအပ်သည်။
အဆိုပါ သင်တန်းအမှတ်စဉ်(၁)တွင် သင်တန်းသား ၁၉၂ ဦး၊ အမှတ်စဉ်(၂)တွင် သင်တန်းသား ၄၅ ဦး စုစုပေါင်းသင်တန်းသား ၂၃၇ ဦး တက်ရောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


