လွိုင်ကော် ဇွန် ၉

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ဒေါနိုးကူးရပ်ကွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (လွိုင်ကော်) သင်တန်းကျောင်း ခန်းမဆောင်၌ လွိုင်ကော်မြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

 

ဦးစွာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ကျောင်းဖွင့်လှစ်နိုင်ရန်အတွက် ဝန်ထမ်းများ စုဖွဲ့ထားမှု၊ ကျောင်းဆောင်များ ပြင်ဆင်ထားမှု၊ ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက်မှုနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ထို့နောက် ကျောင်းသား ကျောင်းသူများအားကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ သင်တန်းသား သင်တန်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ ပြင်ဆင်ထားရှိမှု၊ ပစ္စည်းစတိုနှင့် ရိက္ခာဂိုဒေါင်များတွင် ဆန်၊ ဆီ၊ ပဲ၊ ဆားများ သိုလှောင်ထားရှိမှုနှင့် စာကြည့်တိုက်၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် မွေးမြူထားသည့် ဥစားကြက်မွေးမြူရေးခြံနှင့် ဟင်းသီး ဟင်းရွက်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)