ကယ်လီဖိုးနီးယား အစားအသောက်ပွဲတော်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား သုံးဦးသေဆုံး

၂၉ ဇူလိုင်

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် အစားအသောက်ပွဲတော်တစ်ခုအတွင်း  ပစ်ခတ် မှုဖြစ်ပွားခဲ့ရာ သုံးဦး သေဆုံးခဲ့ပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ 

 

သုံးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။


တနင်္ဂနွေနေ့ ညနေပိုင်းက ဆန်ဟိုဆေး အရှေ့တောင်ဖက် ကီလိုမီတာ ၅၀ခန့်အကွာရှိ ပန်းခြံအတွင်း Gilroy Garlic ပွဲတော် ကျင်းပနေချိန်တွင် သေနတ်ပစ်ခတ်သံများ ကြားခဲ့ရခြင်းဖြစ်သည်။

 

ကလေးများကို အကာကွယ်ပေးပြီး ပြေးလွှားနေသည့် ပွဲတော်လာလူများပုံကို ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြထားသည်။ 

 

သေနတ်ပစ်ခတ်သူမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်