မေ ၂၃

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့ရှိ လူနေရပ်ကွက်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ နှစ်ဦးထက်မနည်းသေဆုံးပြီး အခြားရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါလေယာဉ်ပျက်ကျပြီးမီလောင်ကျွမ်းရာမှ နေအိမ် ၁၀ လုံးခန့်နှင့် ယာဉ်အစီးရေ အများအပြား လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ဒေသခံ ၁၀၀ ခန့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟု သိရသည်။

ထိုလေယာဉ်သည် လေယာဉ်မှူးအပါအဝင် လူရှစ်ဦးမှ ၁၀ ဦးအထိ တင်ဆောင်နိုင်ကြောင်းနှင့် လေယာဉ်ပျက်ကျချိန်တွင် မြူများထူထပ်စွာကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းလေယာဉ်သည် အနီးနားရှိ ဓာတ်အားလိုင်းကိုတိုက်မိရာမှ  ပျက်ကျခြင်းဖြစ်နိုင်ကြောင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်တစ်ဦး၏ပြောကြားချက်ကို ကိုးကားပြီး အေဘီစီသတင်းဌာနက ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို