ကယ်လီဖိုးနီးယားပြည်နယ် နေအိမ်ပါတီတစ်ခု၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ သုံးဦးသေ

ကယ်လီဖိုးနီးယား ဇူလိုင် ၁၂

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ နေအိမ်ပါတီတစ်ခုတွင် တနင်္ဂနွေ အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြထာ သည်။ 

လော့စ်အိန်ဂျလိစ် စီရင်စု အရှေ့တောင်ပိုင်းရှိ ဒေါင်းနေးမြို့ လိစ်လမ်းပေါ်တွင် ဒေသစံတော် ချိန် ၁၂ နာရီ ၄၅ မိနစ်ခန့်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းပေးပို့မှုရရှိခဲ့သည့်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက တုံ့ပြန်ဆောင် ရွက်ခဲ့ကြောင်း ဒေသတွင်း မီဒီယာတွင် သတင်းဖော်ပြထားသည်။ 

သေနတ် ပစ်ခတ်မှုတွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြသည်။ 

အခင်းဖြစ်ပွားရာနေရာတွင် လူသုံးဦးသေဆုံးခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများတွင် ဆက်လက်ဖော်ပြထားသည်။ 

သေနတ်ပစ်ခတ်မှု ဖြစ်ပွားရ သည့်အကြောင်းရင်းကို မသိရသေးပေ။ သို့သော်လည်း အာဏာပိုင်များက အဆိုပါ ပစ်ခတ်မှုကို သီးခြား ဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြထားသည်။ 

ဆင်ဟွာ