ဝါရှင်တန် ဇန်နဝါရီ ၁၂

 

ကယ်လီဖိုးနီးယား တောမီးကြောင့် ပျောက်ဆုံးသွားသူများကို ရှာဖွေကယ်ဆယ်ရန် အထူးအရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ကြောင်း လော့စ်အိန် ဂျလိစ်ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားသည်။

 

ရဲတပ်ဖွဲ့က ပြည်သူ ၃၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့် သို့မဟုတ် သတိပေးချက်များ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

 

ပစိဖိတ် Palisades ရပ်ကွက် တွင် ဇန်နဝါရီ ၇ ရက်က စတင်ခဲ့သော တောမီးလောင်ကျွမ်းမှုမှာ လေပြင်း တိုက်ခတ်မှုကြောင့် လော့စ်အိန်ဂျလိစ် အရှေ့မြောက်ပိုင်းအပါအဝင် အခြားနေရာများအထိ လျင်မြန်စွာကူးစက်ပျံ့နှံ့ ခဲ့သည်။

 

ကမ္ဘာ့နာမည်ကြီး ပြတိုက်များထဲမှ တစ်ခုဖြစ်သည့် Getty Center အပါအဝင် အခြားအခြေချနေထိုင်သူများကို မဖြစ်မနေ ရွှေ့ပြောင်းရန်အမိန့်ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။ လူအများအပြားကို ကားဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး လမ်းမများပေါ်တွင် ပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်စေခဲ့သည်။

 

တောမီးသည် စတုရန်းကီလို မီတာ ၁၆၀ ကျော် လောင်ကျွမ်းခဲ့သည်။ လက်ရှိအချိန်ထိ ၁၆ ဦး သေဆုံးပြီး အဆောက်အအုံ ၁၀၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုများကြောင့် အန္တရာယ်ရှိသော မီးခိုးငွေ့များနှင့် အမှုန်အမွှားများကြောင့် လေထုအရည်အသွေးကို ကျဆင်းစေသည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေ အနေတစ်ရပ် ကြေညာခဲ့သည်။

 

မီးငြှိမ်းသတ်မှုများ ဆောင်ရွက်လျက်ရှိစဉ် လေပြင်းများ ထပ်မံတိုက်ခတ်လာနိုင်သည့်အတွက် အာဏာပိုင်များက ပြည်သူများအား နိုးကြားစွာဖြင့် နေထိုင်ကြရန် တိုက်တွန်းပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်