လာအိုနိုင်ငံ၏ စက်တင်ဘာလအတွင်း ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၂၃၃ သန်းသို့ ရောက်ရှိခဲ့

 

ဗီယင်ကျန်း အောက်တိုဘာ ၁၁

လာအိုနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေသည် ယခုနှစ် စက်တင်ဘာလအတွင်းက အမေရိကန် ဒေါ်လာ ၂၃၃ သန်းအထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း လာအိုနိုင်ငံ ကုန်သွယ်ရေးဝက်ဘ်ဆိုက်မှ ဖော်ပြသည့် နောက်ဆုံး အချက်အလက်များအရ သိရသည်။

 

ယခုနှစ် စက်တင်ဘာလအတွင်း လာအိုနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၅၆ သန်း ရှိခဲ့ပြီး သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၈၉ သန်းရှိခဲ့ကြောင်း သိရသည်။

 

လာအိုနိုင်ငံ၏ အဓိကပို့ကုန်များတွင် ရွှေ၊ ရော်ဘာ၊ ဓာတ်မြေဩဇာ၊ ရွှေသတ္တုရိုင်း၊ သကြား၊ အဝတ်အထည်၊ ငှက်ပျောသီး၊ ဖိနပ်၊ သံသတ္တုရိုင်းနှင့် နွားတို့ဖြစ်ကြောင်း သိရသည်။

 

လာအိုနိုင်ငံ၏ အဓိကသွင်းကုန်များတွင် စက်ကိရိယာ၊ ဒီဇယ်၊ အဖိုးတန်ကျောက်များ၊ ဓာတ်ဆီ၊ ပလတ်စတစ်ထုတ်ကုန်၊ သံမဏိ၊ သံနှင့် သံမဏိထုတ်ကုန်၊ လျှပ်စစ်ဓာတ်အားပေးကြိုးနှင့် အပိုပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

 

လာအိုနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၎င်းနောက်တွင် ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က သွင်းကုန်အများဆုံး တင်သွင်းသည့်နိုင်ငံများအဖြစ် ရပ်တည် လျက်ရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်