လာအိုနိုင်ငံက အသက်ခြောက်နှစ်မှ ၁၁ နှစ်အရွယ်ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးမှုစတင်မည်

ဗီယင်ကျန်း ဖေဖော်ဝါရီ ၁

လာအိုနိုင်ငံသည် စာသင်ကျောင်းများအား ဘေးကင်းလုံခြုံစွာ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အသက်ခြောက်နှစ်မှ ၁၁ နှစ်အရွယ်က လေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုကို မတ်လအတွင်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖေဖော်ဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အသက်ခြောက်နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအနက် စုစုပေါင်း ၉၅၇၀၀၀ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် အခြားသော မိသားစုဝင်များကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် တိုက်တွန်းရာရောက်မည်ဖြစ်ကြောင်း လာအိုနိုင်ငံ အမျိုးသားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အစီအစဉ်၏ လက်ထောက်မန်နေဂျာ ချန်ဆိုင်းပါ သမ်မာဗောင်၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း နေ့စဉ်သတင်းစာ ဗီယင်ကျန်းတိုင်းမ်က သတင်းဖော်ပြထားသည်။

အသက်ခြောက်နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုကို လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်း၌ စတင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အရည်အချင်း ပြည့်မီသူများအားလုံး၏ ၆၅ ဒသမ ၇၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခယူပြီးဖြစ်ကြောင်းနှင့် ၅၇ ဒသမ ၈၆ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း လာအိုနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားလုပ်ငန်းအဖွဲ့ ကော်မတီက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်