လာအိုနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း သစ်ပင် ၃၄ သန်း စိုက်ပျိုးရန်စီစဉ်

မေ ၂၉

လာအိုနိုင်ငံအစိုးရအဖွဲ့က ၂၀၂၄ ခုနှစ်အတွင်း မြေဟက်တာ ၄၂၀၀၀ တွင် သစ်ပင် ၃၄ သန်းစိုက်ပျိုးရန်စီစဉ်ထားသည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း သစ်တော ၇၀ ရာခိုင်နှုန်းဖုံးလွှမ်းစေရေး ကြိုးပမ်းသည့်အနေဖြင့် ယခုကဲ့သို့သစ်ပင်စိုက်ပျိုးရန် စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါရည်မှန်းချက်အောင်မြင်စေရန် လာအိုစိုက်ပျိုးရေးနှင့် သစ်တော်ဝန်ကြီးဌာနက မြေဟတ်တာ ၃၅၀၀တွင် ပျိုးပင် ၃၅၀၀၀၀၀ ခန့် စိုက်ပျိုးမည်ဖြစ်သည်။ လမ်းဘေးနေရာများတစ်လျှောက်နှင့် ပန်းခြံများကဲ့သို့သော နေရာများတွင် သစ်ပင်များစိုက်ပျိုးရန် စာသင်ကျောင်းများ၊ ကောလိပ်များနှင့် အခြားအဖွဲ့အစည်းများကိုတိုက်တွန်းအားပေးကာ သစ်တောအာဏာပိုင်များသည် ပညာရေးနှင့် အားကစားဌာနများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။

ထိုလုပ်ဆောင်ချက်များသည် နိုင်ငံ၏သစ်တောဖုံးလွှမ်းရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ပိုမိုအရေးပါပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုလျော့ပါးရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများကာကွယ်ရေးတို့လည်း ပိုမိုအရေးကြီးလာသည်။

လာအိုနိုင်ငံအမျိုးသားသစ်ပင်စိုက်ပျိုးရေးနေ့သည် ၎င်းတို့၏စီမံခန့်ခွဲမှုတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန်နှင့် သစ်တောဧရိယာများကို ကာကွယ်ထိန်းသိမ်းရန်လိုအပ်ကြောင်းကို လူငယ်များနှင့် အများပြည်သူများအား အသိပညာပေးနိုင်ရန် ရည်ရွယ်သည်။

သစ်တောကာကွယ်ထိန်းသိမ်းရေးသည် စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရပြီး အထူးသဖြင့် သစ်တောမြေပေါ်သို့ ဒေသခံများ ကျူးကျော်ဝင်ရောက်လာခြင်းပင်ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို