လာအိုနိုင်ငံ၌ ဒီဇင်ဘာလတွင် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးအဖြစ် ၃၉ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာ

 

ဗီယင်ကျန်း၊ ဇန်နဝါရီ   ၉

လာအိုနိုင်ငံ၌ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းသည် ဒီဇင်ဘာလတွင် ၃၉ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ဇန်နဝါရီ ၇ ရက်တွင် လာအိုစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် ဒီဇင်ဘာလသည် ၂၀၂၂ ခုနှစ်၏ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး သို့ ရောက်ရှိလာခဲ့သည်။

 

လာအိုနိုင်ငံ၌ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက် ခဲ့ရာ နိုဝင်ဘာလတွင် ၃၈ ဒသမ ၄၆ ရာခိုင်နှုန်းရှိရာမှ ဒီဇင်ဘာလ တွင် ၃၉ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး၊ လူသုံးကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ လာအို ကစ်ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းခြင်းက ငွေကြေးဖောင်းပွရခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်း သိရသည်။

 

 ငွေကြေးဖောင်းပွမှုနှုန်းသည် ဇွန်လတွင် ၂၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဇူလိုင်လတွင် ၂၅ ဒသမ ၅၅ ရာခိုင်နှုန်း၊ ဩဂုတ်လတွင် ၃၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ စက်တင်ဘာ လတွင် ၃၄ ဒသမ ၀၅ ရာခိုင်နှုန်း၊ အောက်တိုဘာလတွင် ၃၆ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် နိုဝင်ဘာလ တွင် ၃၈ ဒသမ ၄၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ