လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူဦးရေ ၅၂၀၀၀ ကျော်ရှိလာ

နိုဝင်ဘာ ၁၂

 

လာအိုနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၁၁၉၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၅၂၁၇၅ ဦးအထိ မြင့်တက်လာသည်ဟု လာအိုကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ထပ်မံကူးစက်ခံရသူများအနက် သုံးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၁၁၉၅ ဦးသည် ပြည်ပကူးစက်မှုဖြစ်ကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ပညာရေးနှင့် သတင်းအချက်အလက်စင်တာ၏နောက်ဆုံး ဖော်ပြချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး အမျိုးသားအထူး တာဝန်ကော်မတီက ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

 

ထပ်မံကူးစက်ခံရသည့် ၁၁၉၅ ဦးသည် လူအုပ်စုလိုက်ကူးစက်ခံရမှုအဖြစ် စံချိန်တင်ခဲ့သည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် တစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ ၉၄ ဦး အထိ မြင့်တက်လာသည်ဟု ယနေ့ဖော်ပြချက်အရ သိရသည်။

 

လာအိုနိုင်ငံသည် ပထမဆုံး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူနှစ်ဦးကို ပြီးခဲ့သည့်နှစ် မတ် ၂၄ ရက်က ဖော်ပြခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို