လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၉၀၀၀၀ ကျော်ရှိလာ

ဒီဇင်ဘာ ၁၃

 

လာအိုနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၀၀ ကျော်ထပ်မံတွေ့ရှိခဲ့ပြီးနောက် ယနေ့တွင် ရောဂါကူးစက်ခံရသူပေါင်း ၉၀၄၅၈ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ထပ်မံရောဂါကူးစက်ခံရသူများအနက် ဗီယင်ကျန်းမြို့တော်တွင် ရောဂါ  ကူးစက်ခံရသူ ၅၃၃ ဦးရှိသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ယနေ့အထိ သေဆုံးသူဦးရေ ၂၅၀ အထိ ရှိလာသည်။

 

ထပ်မံသေဆုံးသူများတွင် ဗီယင်ကျန်းတွင် အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၆၈နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ဘော်လိခမ်စိုင်တွင် အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးတို့ပါဝင်သည်။

 

အဆိုပါသေဆုံးသူသုံးဦးတွင် သွေးတိုးရောဂါအခံရှိပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု မခံယူရသေးသူများ ဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို