လာအိုနိုင်ငံတွင် ၂၀၂၀ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်မှုများကြောင့် လူ ၁၀၀၀ ကျော် သေဆုံး  

၂၀ ဇန်နဝါရီ

 

 

လာအိုနိုင်ငံတွင် အရက်သေစာ သောက်စားကာ မဆင်မခြင် မောင်းနှင်မှုကြောင့် ၂၀၂၀ ခုနှစ်အတွင်း သေဆုံးသူ ၁၀၃၁ ဦး ရှိသည်။

 

 

လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ယာဉ်ထိန်းရဲဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၀၃၁ ဦးရှိပြီး ၁၀၀၂၇ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

 

 

နိုင်ငံတစ်ဝန်းတွင် ယာဉ်မတော်တဆဖြစ်မှုပေါင်း ၆၇၇၄ မှု ဖြစ်ပွားခဲ့ပြီး ယာဉ်အစီးရေ ၁၂၀၀၇ စီး ပျက်စီးသွားခဲ့သည်။

 

 

အဆိုပါ ပျက်စီးသွားမှုကြောင့် ခန့်မှန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်ရှိကြောင်း ဖော်ပြထားသည်။

 

 

လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းတွင် ယာဉ်မတော်တဆဖြစ်မှု ၁၁၅၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၉၀ ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို