လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာသောကြောင့် နိုင်ငံခြားသားများအတွက် အလည်အပတ်ဗီဇာ မထုတ်ပေးသေး

ဗီယင်ကျန်း နိုဝင်ဘာ ၁၆

 

လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ဆက်လက်မြင့်တက်နေသောကြောင့် အစိုးရသည် ကိုဗစ်-၁၉ ကန့်သတ်ဆောင်ရွက်ချက်များကို ထပ်မံသက်တမ်းတိုးမြှင့်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် တိုးလာမှုနှင့်အတူ အစုလိုက် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် ပြည်နယ်အားလုံးတွင် ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံး ဒုတိယ အကြီးအကဲ သစ်ဖာကုန်းချန်သာဗွန်ဆာက ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများစုမှာ လူထူထပ်သည့် နေရာဒေသများဖြစ်ပြီး လူမှုရေးဆိုင်ရာ ပွဲလမ်းသဘင်များ၊ ရုံးများ၊ အဖွဲ့အစည်းများနှင့် မိသားစုများအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ရေး တားဆီးရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားလုပ်ငန်းကော်မတီ အတွက်မှလွဲ၍ နယ်စပ်ဒေသများနှင့် စစ်ဆေးရေး ဂိတ်များကို ဆက်လက်ပိတ်ထားသည်။ ။

 

အလည်အပတ်ဗီဇာများကို နိုင်ငံခြားသားများအတွက် မထုတ်ပေးသေးကြောင်း သိရသည်။ သို့သော်လည်း သံရုံးဝန်ထမ်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများမှ ဝန်ထမ်းများ၊ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို အရေးပေါ် လိုအပ်ချက်အရ နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုသော်လည်း အစိုးရထုတ်ပြန် ထားသော ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ ဆောင်ရွက်ချက်များကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ