အင်တာမီလန်အသင်းဟာ မေ ၁၄ ရက် နံနက်ပိုင်းက လာဇီယိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ပြီး ကိုပါအီတာလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ အင်တာမီလန်အသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အင်တာမီလန်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစား ချိန် ၁၄ မိနစ်မှာ တူရမ်ကတစ်ဂိုး၊ ၃၅ မိနစ်မှာ မာတီနက်ဇ်ကတစ်ဂိုးအသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး မာတီနက်ဇ်ဟာ ယခုဘောလုံးရာသီမှာ အင်တာမီလန်အသင်းနဲ့အတူ ပြိုင်ပွဲစုံ သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ လာဇီယိုအသင်းကို အနိုင်ရရှိပြီး ကိုပါအီတာလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ယခုဘောလုံးရာသီမှာ အီတလီစီးရီးအေဖလားအပါအဝင် ပြည်တွင်းဆုဖလားနှစ်လုံးကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပြီး အီတလီစီးရီးအေဖလားကိုတော့ (၂၁)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ အခုလို ကိုပါအီတာလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ကိုပါအီတာလီယာဖလားကို (၁၀)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ငွေကြယ်


