လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် မန်ယူမှ ပေါ့ဘာထွက်ခွာမည်

၂၈  စက်တင်ဘာ

ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူအသင်းကနေ ထွက်ခွာမယ်လို့ ဆိုပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ ဗုဒ္ဓဟူးနေ့ ညပိုင်းက ရိုချက်ဒလီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာတာဘာအိုဖလားပွဲစဉ်မှာ ပေါ့ဘာကို ပင်နယ်တီကန်ခွင့်မပေးခဲ့တဲ့အပြင် အက်စလေယန်းနဲ့ ဒီဂီယာတို့မပါဝင်သော်လည်း အသင်းခေါင်းဆောင်လက်ပတ်ကို ပေါ့ဘာကိုပေးအပ်မည်အစား အသက်၂၁ နှစ်အရွယ် တူယန်ဇီဘီကို လွှဲပြောင်းပေးခဲ့တာတွေက ပေါ့ဘာအနေနဲ့ မန်ယူအသင်းနဲ့ လမ်းခွဲဖို့ အကြောင်းဖန်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဆိုးရှားနေနဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာနဲ့ တိုက်စစ်မှူး ရက်ရှဖို့ဒ်တို့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့် အောင်မြင်မှုမရရှိတဲ့အတွက် ဒေါသထွက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ရက်ဖို့ဒ်အနေနဲ့တော့ စာချုပ်သစ်ချုပ်ဆိုသင့်တယ်လို့လည်း ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

ပေါ့ဘာဟာ ခြေသလုံးဒဏ်ရာကြောင့် ပြီးခဲ့တဲ့သုံးပွဲမှာ မန်ယူအသင်းနဲ့အတူ ပွဲထွက်ကစားခွင့် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ရိုချက်ဒလီအသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ခွင့်ရရှိခဲ့ပေမယ့် ပယ်နယ်တီကန်ခွင့်နဲ့ အသင်းခေါင်းဆောင်လက်ပတ် ပြဿနာတို့ကြောင့် လာမယ့်အပြောင်းအရွှေ့အတွင်းမှာ မန်ယူကနေ ထွက်ခွာမယ်လို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်