လာမည့်နှစ် ပြန်လည်ရွေးကောက်တင်မြှောက်ပွဲအတွက် ထရန့် မဲဆွယ်စည်းရုံးရေးစတင်ပြုလုပ်

၁၉ ဇွန်


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် လာမည့်နှစ် ပြန်လည်ရွေးကောက်တင်မြှောက်ပွဲအတွက် စည်းရုံးရေး တရားဝင်စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။


သမ္မတ ထရန့် သည် ဖလော်ရီဒါ ၊ အော်လန်ဒို ရှိ လူထုကို ယမန်နေ့ညပိုင်းက မိန့်ခွန်းပြောကြားခဲ့သည်။


ထရန့် က အမေရိကန်နိုင်ငံစီးပွားရေးသည် ကမ္ဘာက အားကျစရာ ဖြစ်လာပြီး အမေရိကန်နိုင်ငံ ၏ သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှုဖြစ်ကြောင်း ၎င်းကိုထောက်ခံသည့် လူအုပ်ကြီးကို ရုံးချိန်အတွင်းမှာ ပြောကြားခဲ့သည်။       


“ကျွန်ုပ်တို့ပြိုင်ပွဲဝင်ကြမည်” ဟု ထရန့်က ထောက်ခံသူများကို ပြောကြားခဲ့သည်။ “ဒုတိယသက်တမ်းရွေးကောက်ပွဲအတွက် ၎င်း၏မဲဆွယ်စည်းရုံးမှုတရားဝင်စတင်ပြုလုပ်ရန်  ခင်ဗျားတို့ရှေ့မှာကျွန်တော်ရပ်နေကြောင်း” ထရန့်က ဆိုသည်။


ထရန့်သည် ရီပတ်ဘလစ်ကန်များအကြား ထောက်ခံမှုနှုန်း ၉၀ ရာခိုင်နှုန်းရရှိထားပြီး အခြားအမှုထားစရာ  ပြိုင်ဘက်များမရှိသကဲ့သို့ ထိုပါတီ မှ အမည်စာရင်း တင်သွင်းခံရဖို့ ထရန့် က မျှော်လင့်ထားသည်။  

 
ထိုအတောအတွင်း ဒီမိုကရက်တစ် ပါတီမှ သမ္မတလောင်း အမည်စာရင်း တင်သွင်းခံရဖို့  လူ ၂၀ ကျော်  ယှဉ်ပြိုင်နေကြကြောင်း သိရသည်။  


ယမန်နေ့က လူထုသဘောထားစစ်တမ်းကောက်ယူရာတွင် သမ္မတထောက်ခံမှုနှုန်းမှာ ပျမ်းမျှအားဖြင့်  ၄၃ ဒသမ ၉ ရာခိုင်နှုန်း ရှိသည်ဟု အမေရိကန် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် RealClearPolitics  က ဆိုသည်။ ကိန်းဂဏန်းအရ  ပြီးခဲ့သည့် နှစ်အတွင်းက ၄၀ ရာခိုင်နှုန်း အောက်မှာ  ရှိကြောင်း သိရသည်။    

        
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

1