ရန်ကုန် မေ ၁၀
၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ရန်ကုန်ယူနိုက်တက်အသင်း လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။
ဘောလုံးရာသီသစ်မစတင်မီ နည်းပြချုပ်နေရာအပြောင်းအလဲ ပြုလုပ်ထားပြီး ငွေခေတ်မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးသန်းဝေက တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသို့ ပေးထားရသည့် ကစားသမားအချို့မှလွဲ၍ ကျန်ကစားသမားများဖြင့် လေ့ကျင့်ပြင်ဆင်နေသည်။ ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ကုသမှုခံယူထားရသည့် လက်ရွေးစင်တောင်ပံကစားသမား ယွန်းဝတီလှိုင်မှာမူ အပေါ့စားလေ့ကျင့်မှုများသာ ပြုလုပ်နိုင်သေးသည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းကို ၂၀၂၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ရာသီတွင် အဆင့် - ၄၊ ၂၀၂၄ ရာသီတွင် အဆင့် -၂၊ ၂၀၂၅-၂၀၂၆ ရာသီတွင် အဆင့် - ၄ နေရာ ရရှိခဲ့သည်။
သတင်း - ချစ်ကိုကို
ဓာတ်ပုံ - YUFC


