လားရှိုးမြို့မှ ငွေကျပ်သိန်း ၃၄၀ဝ၀ ကျော်လိမ်လည်ပြီး  ထွက်ပြေးသူကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဖမ်းမိ

တာချီလိတ်   ၆  ဖေဖော်ဝါရီ

 

လာရှိုးမြို့မရဲစခန်းတွင် ငွေကျပ်သိန်း ၃၄၅၀ဝ လိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးနေသူ တစ်ဦးကို မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (BCATIP)တို့ ပူးပေါင်းချိတ်ဆက်မှုဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌  ဖမ်းဆီးရမိပြီး ယနေ့ နံနက်ပိုင်းတွင် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် လာရောက်လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

 

m

 

ဖြစ်စဉ်မှာ လားရှိုးမြို့မရဲစခန်း၌ ငွေကျပ်သိန်းပေါင်း ၃၄၅၀ဝ ကို လိမ်လည်မှုဖြင့်  အမှုဖွင့်ခံထားရသည့် မျိုးဇော်ကို (ခ) တော်ကီသည် တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ရောက်ရှိနေကြောင်း သတင်းရသဖြင့် လာရှိုးမြို့မ ရဲစခန်းမှူးက မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (BCATIP)ကို အကူအညီ တောင်းခံခဲ့သည်။

 

ယင်းသို့  အကူအညီတောင်းခံမှုကြောင့် BCATIP အဖွဲ့ဝင် ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူးနှင့် ချိတ်ဆက်စုံစမ်းခဲ့ရာ မျိုးဇော်ကို (ခ) တော်ကီမှာ မယ်ဆိုင်မြို့တွင် ဇန်နဝါရီ ၁၈ ရက်က တစ်ညတည်းခိုသွားပြီး ဘန်ကောက်မြို့ကို ဆက်လက်ထွက်ခွာသွားကြောင်း သိရသဖြင့်  ဘန်ကောက်မြို့မှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၃ ရက် ည ၈ နာရီခန့်တွင် မျိုးဇော်ကို (ခ) တော်ကီကို ဘန်ကောက်မြို့၌ ဖမ်းဆီးရမိ ခြင်းဖြစ်ကြောင်း သိရသည်။

 

m

 

အဆိုပါ မျိုးဇော်ကို(ခ)တော်ကီကို မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (BCATIP) တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌  လွှဲပြောင်းပေးအပ်လာခြင်းဖြစ်ပြီး၊ တာချီလိတ်မြို့မှတစ်ဆင့် လာရှိုးမြို့နယ်ရဲတပ်ဖွဲ့ထံ ညနေပိုင်းတွင် ဆက်လက်လွှဲပြောင်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

မျိုးဇော်ကို (ခ) တော်ကီသည် လာရှိုးမြို့မရဲစခန်းတွင် ငွေကျပ်သိန်း ၃၄၅၀ဝ ကျော်အား လိမ်လည်ရယူမှုဖြင့် (ပ) ၁၀/၂၀၁၉၊ (ပ)၁၂/၂၀၁၉၊ (ပ)၁၃/၂၀၁၉ ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၁၁၄ ဖြင့် အမှုဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

 

ဖြိုးလေး(တာချီလိတ်)