လားရှိုးမြို့၌ ငွေကျပ်သိန်း ၂,၉၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၉ သိန်း ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၀

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ငွေကျပ်သိန်း ၂,၉၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၇ ရက် ည ၉ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်တွင် စိုင်းလီ(ခ)ဆိုင်းလီ မောင်းနှင်ပြီး ဂန်ဖန်(ခ)မာဘရန် လိုက်ပါလာသည့် WISH မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၉၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၀ နာရီတွင် လားရှိုးမြို့၊ အမှတ်(၂) ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ မဆိုင်းခေါန် နှင့် မမာခေါန်တို့ နှစ်ဦးကို ဆိုင်ကယ် တစ်စီး၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသော မြန်မာငွေကျပ် ၃၆၅ သိန်းတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ လေးဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သတင်းစဉ်