လားရှိုးမြို့၌ ညအချိန် ဓားဦးချွန် ကိုင်ဆောင်သွားလာနေသူ ၃ ဦးအား အရေးယူထား

နေပြည်တော်   ၁၆   ဩဂုတ်

 

ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ဓားဦးချွန် ကိုင်ဆောင်သွားလာနေသူ ၃ ဦးအား လားရှိုးမြို့မ  ရဲစခန်းမှ ယမန်နေ့က လက်နက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လားရှိုးမြို့မရဲစခန်းမှ နယ်ထိန်း‌ခေါင်းဆောင် ရဲအုပ် စိုးမိုးဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဩဂုတ် ၁၁ ရက် ညပိုင်းက နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ရပ်ကွက် (၅)၊ ရေကန်တောင်၊ ရေကန်အမှတ် (၁) အနီး လမ်းမပေါ်တွင် ရပ်ကွက် (၇)နေ ထွန်းလှစိန် အား  လက်ကိုင်ဝါးရိုးတပ် အရိုးအသွား (၁)ပေ၊ (၁၀) လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းဖြင့် လည်းကောင်း၊ နမ့်မခိုက်ကျေးရွာ၊ DENKO ဓါတ်ဆီဆိုင်အနီး ပြည်ထောင်စုလမ်းမပေါ်တွင် ရပ်ကွက်(၁)နေ မျိုးမင်းထက်အား လက်ကိုင်သံရိုးတပ် အရိုးအသွား (၂) ပေ၊ (၄) လက်မခန့်ရှိ ဓါးဦးချွန် ၁ ချောင်းဖြင့်လည်းကောင်း၊ စိုင်းလူထင်အား  လက်ကိုင်သစ်သားရိုးတပ် အရိုးအသွား နှစ်ပေခန့်ရှိ ဓါးဦးချွန် ၁ ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ၎င်းတို့သုံးဦးအား လားရှိုးမြို့မရဲစခန်းမှ အရေးယူ ထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)

 

Description: C:\Users\XC-780\Desktop\IMG-f20e371b32fe237bf4b8a4e3f7ca1a25-V.jpg