လားရှိုး ဇွန် ၁၇

 

လားရှိုးမြို့ သူနာပြုသင်တန်းကျောင်း၏ ၂၀၂၆ ပညာသင်နှစ် အပတ်စဉ်(၃၄) ပထမနှစ် သူနာပြု- သားဖွားဒီပလိုမာ သင်တန်းသား သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်း အနားကို ဇွန် ၁၅ ရက်က အဆိုပါ ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦး တို့က အမှာစကားပြောကြားသည်။

 

ယင်းနောက် သူနာပြုသင်တန်း ကျောင်းမှ ကျောင်းအုပ်စီမံနှင့် တာဝန်ရှိသူများက အပတ်စဉ်(၃၄) ပထမနှစ် သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းသား လေးဦး၊ သင်တန်းသူ ၅၄ ဦး စုစုပေါင်း ၅၈ ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့သည်။

 

ထို့နောက် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထူးချွန်သစ်လွင်သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းသား သင်တန်းသူများအား ထူးချွန်ဂုဏ်ပြုဆုများ ‌ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

လူမော်(ပြန်/ဆက်)