လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဖမ်းဆီးရမိသော တရားမဝင် ကုန်ပစ္စည်းများအား ဖျက်ဆီး

လားရှိုး       မေ       ၂၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းဖမ်းဆီးရမိသော တရားမဝင် ကုန်ပစ္စည်းများအား ဖျက်ဆီးခြင်းကို လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာန ရုံးဝင်းတွင် မေ ၂၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ဆောင်ရွက်ရာတွင်  ဖမ်းဆီးရမိသော ကလေးအဝတ်အထည်ဟောင်းများ၊ ခေါက်ဆွဲခြောက်များနှင့် ဘီယာများအား လမ်းကြိတ်စက်ဖြင့် ကြိတ်ချေဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ မီးရှို့ဖျက်ဆီးသော ကုန်ပစ္စည်းများ၏ စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ ငွေကျပ် ၆၀၈၀၀၀၀၀ ခန့် ဖြစ်ကြောင်း သိရသည်။

 

စိုင်းအောင်ကျော်စိုး