လားရှိုးမြို့နယ်၌ အမျိုးသမီး ၂ ဦးအားသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည့် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ၂၀ ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၌ အမျိုးသမီးနှစ်ဦးကိုသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည့် တရားခံ ချစ်ကို(ခ)ပိုင်စိုးအောင်အား ဇွန် ၁၇ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၁၆ ရက် နံနက် ၁၁ နာရီခွဲက လားရှိုးမြို့နယ်၊ မတ်ချီးနုကျေးရွာအနီး၌ အမျိုးသမီး ၂ ဦးအား ခြေ/လက်များအား နိုင်လွန်ကြိုးဖြင့်တုပ်လျက် ပုပ်ပွသေဆုံးနေသည့်ကို တွေ့ရှိကြောင်း သတင်းအရ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦး ဦးစီးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေး၍ အလောင်းများအား လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လားရှိုးနယ် မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း၊ သက်သေများစစ်ဆေးခြင်း၊ နယ်မြေ သတင်းစုံစမ်းခြင်း၊ မိမိသတင်းပေးများဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများကြောင့် သေဆုံးသူ ၂ ဦးမှာ လားရှိုးမြို့နေ ဒေါ်နန်းဆိုင်ဟွမ် (ခ) နန်းဟွမ် (၃၃)နှစ်နှင့် ဒေါ်နန်းလောင်ခမ်း (၄၄)နှစ်တို့ ၂ ဦးဖြစ်ပြီး ဇွန် ၁၇ ရက် မွန်းလွဲပိုင်းတွင် လူသတ်တရားခံ ချစ်ကို(ခ)ပိုင်စိုးအောင် (၃၂)နှစ်(ဖ) ဦးညီလေး၊ လားရှိုးမြို့ ရပ်ကွက်(၉)နေသူအား ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ ဒေါ်နန်းဆိုင်ဟွမ် (ခ) နန်းဟွမ်နှင့် လူမှုရေးပြဿနာများကြောင့် သတ်ရန်ကြံစီစဉ် အဒေါ်ဖြစ်သူ ဒေါ်နန်းလောင်ခမ်းမှာ အတူရှိနေသဖြင့် ၎င်းတို့ ၂ ဦးလုံးအားသတ်ကာ အလောင်းအား ဖျောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲပြန်ကြား