လားရှိုးမြို့နယ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၁ဝ ဩဂုတ်

 

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ ကောင်းဟုန်ကျေးရွာ၌ ဩဂုတ် ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က နောင်မွန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အဆိုပါကျေးရွာနေ လှသိန်းနှင့် မအေးစံတို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းတို့၏ အိပ်ခန်းအတွင်းမှ WY စိတ်ကြွဆေးပြား ၃၃၄၅ ပြား တန်ဖိုးငွေကျပ် ၆၈၉၀၀၀၀ အား သိမ်းဆည်းရမိခဲ့သဖြင့် လှသိန်းနှင့် မအေးစံတို့အား နောင်မွန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား