လားရှိုးမြို့တွင်  အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

လားရှိုး   ၃၀  ဇူလိုင် 


လားရှိုးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။


အမျိုးသမီး(3on3)အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ စစ်ကိုင်း တိုင်းဒေသကြီး၊ တတိယဆုရ မကွေးတိုင်းဒေသကြီး၊ အမျိုးသား(3on3) အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်၊ ဒုတိယဆုရ ရန်ကုန်တိုင်းဒေသကြီး၊ တတိယဆုရ ကချင်ပြည်နယ် အသင်းတို့အား တစ်ဦးချင်း ဆုဆွဲပြားနှင့် ဆုကြေးငွေအားလည်းကောင်း၊ အမျိုးသမီး(5on5)အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ ရှမ်းပြည်နယ်အသင်း၊ တတိယဆုရ မကွေးတိုင်းဒေသကြီးအသင်းနှင့် ပူးတွဲတတိယဆုရ ကရင်ပြည်နယ် အသင်းတို့အားလည်းကောင်း၊ အမျိုးသား(5on5) အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုရ မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယဆုရ ရန်ကုန်တိုင်းဒေသကြီးနှင့် ပူးတွဲတတိယဆုရ ကရင်ပြည်နယ် အသင်းတို့အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် အမျိုးသမီး အထူးချွန်ဆုံး အားကစားသမားဆုအား စစ်ကိုင်းတိုင်းဒေသကြီးမှ ကျောနံပတ်(၁၆)မအိအိထွန်း၊ အမျိုးသား အထူးချွန်ဆုံး အားကစားသမားဆုအား ရှမ်းပြည်နယ်မှ ကျောနံပတ်(၁၀) မောင်အောင်မြင့်က လည်းကောင်း၊ အတိုးတက်ဆုံး အမျိုးသား၊အမျိုးသမီးအားကစားအသင်း ဆုဖလားအား ကရင်ပြည်နယ်က လည်းကောင်း၊ တံခွန်စိုက်ဖလားများချီးမြှင့်ရာ အမျိုးသမီး(3on3)အသင်းလိုက်ပြိုင်ပွဲမှ ပထဆုရရှိသော ပဲခူးတိုင်းဒေသကြီး၊ အမျိုးသား(3on3)အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်၊ အမျိုးသမီး(5on5) အသင်းလိုက် ပြိုင်ပွဲမှစစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသား(5on5)အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်အသင်း တို့အား တံခွန်စိုက်ဆုဖလားများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။


ဟန်ဌေး(လားရှိုး)