လားရှိုးမြို့တွင် ဆိုင်ကယ်နှင့် ဖုန်းလုယက်သူ ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  ၁၅   ဩဂုတ် 

 

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ အထက ကျောင်းအနီး၌ ဩဂုတ် ၁၁ ရက် ည ၇ နာရီက အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးထံမှ YAMAHA FZ အမျိုးအစားဆိုင်ကယ် ၁ စီး၊ iPhone 11 အမျိုးအစားဖုန်း ၁ လုံး တို့အား လုယူသွားကြောင်းသတင်းအရ လားရှိုးမြို့မရဲစခန်းမှ ဒုရဲမှူး မြင့်ကျော် ဦးစီးအဖွဲ့ သည် ပြစ်မှုကျူးလွန်သူ ညီနပ်ကပ်နှင့် အိုက်ဦး(ခ)အိုက်နပ်အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသဖြင့် လားရှိုးမြို့မရဲစခန်း က  အမှုဖွင့်အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

(သတင်းစဉ်)