လားရှိုးမြို့တွင် ငွေကျပ်သိန်း ၁,ဝ၀ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၄ ဇွန်

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၂၃ ရက် ညနေ ၆နာရီ ၄၅မိနစ်က လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဘူတာလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်တွင် ကျော်ပြည့်စုံ (ခ)နဲနဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ကျော်လှိုင်(ခ)အီနွတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၁,ဝ၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  ရဲပြန်ကြားမှ သိရသည်။

 

(သတင်းစဉ်)