လားရှိုးတွင် ဝါယာကြိုးအဟောင်းများ ပေါက်ပြီး မီးလောင်မှုဖြစ်ပွား

mdn

လားရှိုး  ၉  ဧပြီ

 

လားရှိုးမြို့ နယ်မြေ(၂) ရပ်ကွက်(၂)တွင် ဝါယာကြိုးအဟောင်းများ ပေါက်ပြီး မီးပွားများထွက်၍ အနီးရှိ ပစ္စည်းများကို မီးကူးစက်လောင်ကျွမ်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယနေ့ နံနက် ၁၀ နာရီက လားရှိုးမြို့၊ရပ်ကွက်(၂)၊နယ်မြေ(၂)၊သိန္နီလမ်းနေ ဦးခင်မောင်မြင့်(၃၇)နှစ်၏ ပေ ၂၀ ပတ်လည် သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နံကပ် ၂ ထပ်  ကန်တော်ဦး ရေဆေးဆီလိုက် ဘေး ပစ္စည်းဟောင်းများ ထားရှိသည့် အပေါ်ထပ်အခန်းမှ ဝါယာကြိုးဟောင်းများ ပေါက်ပြီး မီးပွားများထွက်၍ အနီးရှိပစ္စည်းများသို့မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်ရာသို့ လားရှိုးမြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၈)ဦး၊ အရန် မီးသတ် တပ်ဖွဲ့ဝင် ၅၀၊ သန္ဓေမီးငြှိမ်းသတ်ယာဉ်(၄)စီး၊အရန်မီးငြှိမ်းသတ်ယာဉ်(၃)စီး တို့ဖြင့် ရပ်ကွက်နေ ပြည်သူများ၊နယ်မြေခံတပ်မတော်သားများက ပူးပေါင်းပါဝင်ငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်ကျွမ်း မှုကြောင့် လူထိခိုက်ဒဏ်ရာနှင့် သေဆုံးမှု မရှိကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)

 

mdn