လဲချားမြို့နယ်တွင် နွေရာသီ အခြေခံပညာ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေး

လဲချား မတ် ၂၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အားကစားခန်းမတွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ နွေရာသီ အခြေခံပညာ အားကစားသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

 

အဆိုပါသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် လူငယ်၊ လူရွယ်နှင့် ကျောင်းသား/ကျောင်းသူများ အားကစားအပေါ် စိတ်ပါဝင်စားလာစေရန်၊ အားကစားနည်းများအား အခြေခံနည်းစနစ်တကျ တတ်မြောက်စေရန်၊ မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သင်ကြားပေးရခြင်းဖြစ်ပြီး မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ ဦးဆောင်၍ သင်တန်းနည်းပြများမှ မြန်မာ့သိုင်း၊ အေရိုးဗစ်၊ ဘက်စကတ်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ကိုယ်ကာယကြံ့ခိုင်မှု စသည့် အားကစားနည်းများကို မတ် ၂၂ ရက်မှ စတင်ကာ ဧပြီ ၁၀ ရက်အထိ နေ့စဉ် နံနက်၊ ညနေ နှစ်ပိုင်းခွဲ၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

လွှမ်းသူနောင် (လဲချား)