တရုတ်သမ္မတ ရှီကျင့်ဖျင် ကာဂျစ္စတန်နှင့်တာဂျစ်ကစ္စတန်သို့ သွားရောက်မည်
ပေကျင်း ၁၀ ဇွန်
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇွန် ၁၂ ရက်မှ ၁၆ ရက်အထိ ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ကြေညာခဲ့သည်။