Latest News
နောက်ဆုံးရသတင်းများ
မြင်းခြံမြို့နယ် ဖက်ရင်းကျေးရွာတွင် နှစ်ပေါင်း(၁၀ဝ)ကျော်သက်တမ်းရှိ ဖျောက်ဆိမ့်ပင်အနှစ်မှ စေတီပုံတော်ထွက်ပေါ်လာသည်ဟုဆိုကာ လာရောက်ကြည့်ရှုသူများပြား
27/06/19
မန္တလေး ၂၇ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဖက်ရင်းကျေးရွာတွင် နှစ်ပေါင်း(၁၀ဝ)ကျော်သက်တမ်းရှိ ဖျောက်ဆိမ့်ပင်အနှစ်မှ စေတီပုံထွက်ပေါ်လာသည်ဟုဆိုကာ လာရောက်ကြည့်ရှုသူ များပြားလျက်ရှိကြောင်း အဆိုပါ ကျေးရွာဒေသခံများထံမှ သိရသည်။
အကြိမ်(၃၀)မြောက် ဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၃၀ ကျော် ဝင်ရောက်ပြိုင်သွားနိုင်ဖွယ်ရှိ
27/06/19
ရန်ကုန် ၂၇ ဇွန်
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်တွင် သောက်သုံးရေဖြန့်ဝေပေးရာ၌ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ရေပိုက်လိုင်းများ ပြုပြင်
27/06/19
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန်နှင့် သောက်သုံးရေများ ဖြန့်ဝေပေးရာတွင် ရေလေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် မင်းဘူးမြို့၊ နဂါးပွက်တောင်လမ်း မြို့ရေပေးရေး ပိုက်လိုင်းအရှည်ပေ ၁၂၀ဝ နှင့်
လာမည့်ရက်များအတွင်း ကမ်းရိုးတန်းဒေသများတွင် မိုးဆက်လက်ပိုနေမည်
27/06/19
နေပြည်တော် ၂၇ ဇွန်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
27/06/19
နေပြည်တော် ၂၇ ဇွန်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
ကျောက်ဖြူမြို့အား ပင်လယ်ဒီရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် ငလပွေ့တာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ထား
27/06/19
ကျောက်ဖြူမြို့အား မိုးရာသီပင်လယ်ဒီရေဝင်ရောက်မှုနှင့် လယ်ယာမြေဧက တစ်ထောင်ကျော်အား ဆားငန်ရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် ငလပွေ့တာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းများ နို့တိုက်ကျွေးရေး ဖွင့်ပွဲအခမ်းအနားကျင်းပ
27/06/19
အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေးခြင်းအစီအစဉ်သည် တစ်ဦးတစ်ယောက်ချင်းအတွက်သာမက လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးကိုပါ တစ်ဘက်တစ်လမ်းမှ အကျိုးပြုလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီ: ဒေါက်တာအောင်သူက ပြောကြားသည်။
မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇) ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ
27/06/19
မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇)မှ ကောက်ယူရရှိသည့် အချက်အလက်များကိုအခြေခံ၍ စိစစ်ပြုစုထုတ်ပြန်သည့် ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကို
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား လက်ခံတွေ့ဆုံ
27/06/19
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား လက်ခံတွေ့ဆုံ
27/06/19
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား