Latest News

နောက်ဆုံးရသတင်းများ

မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၄၂) ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်

ပညာရေး

08/06/19

မန္တလေး  ၈  ဇွန်

မန္တလေးဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/အကျဉ်းသူများအနက် (၇၁) ဦး သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ထောင်တွင်း ပညာသင်အထက်တန်းကျောင်း၊ အမှတ်(၂၅) အခြေခံပညာ အထက်တန်းကျောင်းခွဲ စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ကြရာ အကျဉ်းသား၊ အကျဉ်းသူ (၄၂) ဦး စာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။

ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ နေပြည်တော် ကလေးပြုစုရေးဌာန အဆောက်အဦဆောက်လုပ် လှူဒါန်းခြင်းလုပ်ငန်း ကော်မတီအစည်းအဝေးကျင်းပ

ပြည်တွင်း

08/06/19

ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ဆောက်လုပ်လှူဒါန်းသည့် ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦ ဆောက်လုပ်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရမ်းဗြဲမြို့နယ်၌ စက်လှေနစ်မြှုပ်မှုဖြစ်ပွား

မှုခင်း

08/06/19

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လက်ခတ်တောင်အနီး ပင်လယ်ပြင်၌  ဇွန် ၇ ရက်နေ့ မွန်းတည့်  ၁၂ နာရီအချိန်တွင် တိုးချဲ့ရပ်ကွက်၊ ကျောက်ဖြူမြို့နေ ဦးသိန်းရွှေ(၅၆)နှစ် မောင်းနှင်ပြီး ငလေပွေ့ကျေးရွာနေ ဦးထွန်းရင်(၄၀)နှစ်ပါကျား (၄)ဦး လိုက်ပါလာသော စက်လှေသည် ဘိလပ်မြေ ၁၂၀ဝ အိတ်အား တင်ဆောင်၍ ကျောက်ဖြူမြို့နယ် ငလေပွေ့ဆိပ်ကမ်းမှ မာန်အောင်မြို့သို့ မောင်းနှင်လာစဉ် လေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်သွားခဲ့ကြောင်းနှင့် ဦးသိန်းရွှေပါ ၅ ဦးအား ကယ်ဆယ်ရရှိခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲ နေပြည်တော်၌ ကျင်းပ

ပြည်တွင်း

08/06/19

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲကို ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ဗုဒ္ဓဝင်ပြခန်း ရုပ်ကြွများပါ ၁၀ ချပ်နှင့် ဗုဒ္ဓရုပ်ပွားတော် ရုပ်ကြွများပါ ၂၆ ချပ် မြဝတီမြို့နယ်၌ သိမ်းဆည်းရမိ

မှုခင်း

08/06/19

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ၊ ကော့ကရိတ် - မြဝတီကားလမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌  ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား ..............

နိုင်ငံတကာပြိုင်ပွဲနှစ်ခုအတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၈ အသင်း

အားကစား

08/06/19

မြန်မာ ယူ-၁၈ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အဓိကနိုင်ငံတကာပြိုင်ပွဲနှစ်ခုအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ပြီး အောင်မြင်မှုရရှိရန် ပြင်ဆင်လျက်ရှိသည်။

(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ပြပွဲ၊ ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြည်တွင်း

08/06/19

(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ပြပွဲ၊ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၌ ကျင်းပသည်။

 ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးနှင့် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ

မှုခင်း

08/06/19

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေအတွင်းရှိ သရက္ကန်ကျေးရွာတွင် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေနှင့်ဆန့်ကျင်၍ ရေနံ ထုတ်လုပ်ခြင်းနှင့် ရေနံ တူးဖော်ခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ ရေနံတူးဖော်နေသူများ၊ ပေါက်မြို့နယ်မှ မုံရွာမြို့နယ်သို့ သယ်ယူပို့ဆောင်ခွင့် မျှောစာမရှိဘဲ တရားမဝင် ရေနံတူးဖော်/ သယ်ဆောင်နေသူများထံမှ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ငွေကြေးကောက်ခံရယူခဲ့သည့် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ်“တိုင်းရင်းဆေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းရင်းဆေးပညာ ပါမောက္ခကြီးများအား ဂုဏ်ထူးဆောင်ပါမောက္ခများ အဖြစ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား” ကျင်းပ 

ပြည်တွင်း

08/06/19

မန္တလေး  ၈   ဇွန်

“မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းဆေးတက္ကသိုလ်တွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် တိုင်းရင်းဆေးပညာပါမောက္ခကြီးများအား ဂုဏ်ထူးဆောင် ပါမောက္ခ (Professor Emeritus)များ အဖြစ်ခန့်အပ်တာဝန်ပေးမည့်သူများအား ခန့်အပ်လွှာပေးအပ်ပွဲ”ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တွင် ကျင်းပသည်။

အဖတ်များဆုံး သတင်း