Latest News
နောက်ဆုံးရသတင်းများ
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲအခမ်းအနား နေပြည်တော်၌ ကျင်းပမည်
06/06/19
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန် ၁၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် GE International Inc. အဖွဲ့အား လက်ခံတွေ့ဆုံ
06/06/19
ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် တို့သည် GE International Inc. အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား
06/06/19
၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ..........
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး
06/06/19
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ .........
(၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ်မှတ်တမ်း၊ မော်ကွန်းပြပွဲကျင်းပမည်
06/06/19
ဇွန်လ ၉ ရက်နေ့တွင် ကျရောက်မည့် (၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအတွက် အုပ်ချုပ်ရေးနှင့် သမိုင်းဆိုင်ရာ အထောက်အထား တန်ဖိုးရှိသော မှတ်တမ်း၊ မော်ကွန်းပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းရှိ အမျိုးသားမှတ်တမ်းများမော်ကွန်း တိုက်ဦးစီးဌာန(အောက်မြန်မာပြည်ခွဲ)တွင် ပြသမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများဆက်လက်ဖြစ်ပေါ်နေ
06/06/19
၂၀၁၉ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ ညနေ(၄:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု
06/06/19
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဝင်းဆွေ၊ မော်လမြိုင်ကျွန်းမဲ ဆန္ဒနယ်၏ မိတ်ဆွေ (၂)ဦး၊ ဦးကျော်စိုးလင်း၊ ............
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်
06/06/19
မောင်တောမြို့နယ်၊ နယ်မြေ(၃)၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ကျီးကျွန်း ရဲကင်းစခန်းမှ ရဲအုပ် မြတ်ဇော်ဦး ဦးစီးတပ်ဖွဲ့ဝင်များသည် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ......