Latest News
နောက်ဆုံးရသတင်းများ
မရမ်ကုန်းမြို့နယ် (၈) မိုင်လမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်
10/05/19
ရန်ကုန် ၁၀ မေ
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၈)မိုင်လမ်းဆုံ ခုန်းကျော်တံတားအောက်တွင် မေ ၉ ရက် ညနေ ၄ နာရီခွဲခန့်က ယာဉ် ၃ စီး ဆင့်ကဲတိုက်ရာမှ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ပြုတ်ကျဒဏ်ရာဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း မရမ်းကုန်းမြို့နယ် အခြေစိုက် မြန်မာ့ကြယ်ဖြူ (RESCUE) အဖွဲ့မှ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဦးရာဇ်တောင် ဘုရားဂေါပကရုံးခန်းရှိ အလှူခံပုံး ဖောက်ထွင်းခံရ
10/05/19
စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဦးရာဇ်တောင်ဘုရား စေတီတော် ဂေါပကရုံးခန်းတွင် ထားရှိသော အလှူခံပုံးကို မေ ၉ ရက် ညပိုင်းက ဖောက်ထွင်းခံရကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့၌ အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ကျင်းပမည်
10/05/19
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မေ ၁၆ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲကျင်းပနိုင်ရန် စာနယ်ဇင်းရှင်းပွဲကို ယနေ့ နံနက် ၁၀ နာရီကရန်ကုန်မြို့ မရမ်ကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံဟိုတယ် ရန်ကုန်၌ကျင်းပခဲ့သည်။
၂၀၂၀ အာရှ ယူ-၁၆ အမျိုးသားခြေစစ်ပွဲတွင် မြန်မာအသင်း တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်တိုင်ပေတို့နှင့် တစ်အုပ်စုတည်း ကျရောက်
10/05/19
အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ အာရှ ယူ-၁၆ အမျိုးသားခြေစစ်ပွဲ အုပ်စုများကို မဲနှိုက်ရေးဆွဲ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး မြန်မာအသင်းသည် တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်တိုင်ပေတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)(၆)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲတော်ကျင်းပ
10/05/19
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) (၆)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် စာပေဟောပြောပွဲ၊ ရှားပါးစာအုပ်ပြပွဲ၊ မှတ်တမ်းဓာတ်ပုံများပြပွဲနှင့် အမှတ်တရဈေးရောင်း ပွဲတော်ကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။
(၁၄) ကြိမ်မြောက် အနာဂတ်ဒီရေတောအစီအစဉ် နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့(NCB) အစည်းအဝေးကျင်းပ
10/05/19
(၁၄)ကြိမ်မြောက် အနာဂတ်ဒီရေတောအစီအစဉ် နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့(NCB) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက နေပြည်တော် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် အဖွဲ့ဝင်များရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံ
10/05/19
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နှင့်တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Road To SEA GAMES 2019 ESPORTS ဂိမ်းပြိုင်ပွဲကျင်းပမည်
10/05/19
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် SEA GAMES 2019 Exports ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရန် ပြည်တွင်းရှိ ကစားသမားများကို Road To SEA GAMES 2019 ESPORTS ပြိုင်ပွဲကျင်းပပြီးလက်ရွေးစင်အဖြစ် အဆင့်ဆင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစား အဖွဲ့ချုပ် MESF မှ သိရသည်။
နမ့်ခမ်းမြို့နယ်တွင် ဓာတ်ဆီ၊ ဒီဇယ် ဆီလှောင်ကန်မှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား
10/05/19
မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ဝိန်းဆာရပ်ရှိ ဦးညိုမောင်(ခ)ဦးမောင်ညီ၏ ဓာတ်ဆီ၊ ဒီဇယ်သိုလှောင်ဂိုဒေါင်မှ ယနေ့ မွန်းတည့် ၁၂ နာရီတွင် မီးလောင်မှု စတင်ဖြစ်ပွားကြောင်း သိရသည်။