Latest News
နောက်ဆုံးရသတင်းများ
(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကျင်းပမည်
09/05/19
(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်
09/05/19
သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို အများပြည်သူသိရှိရန်အတွက် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ပုံနှိပ်မီဒီယာများ၊ ရုပ်သံမီဒီယာများမှ ထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ ထို့ပြင် အများပြည်သူသိရှိရန်အတွက် ပုဂ္ဂလိက ပြင်ပမီဒီယာပေါင်းစုံမှတစ်ဆင့် အများပြည်သူသို့ သတင်းစကားပေးနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပါကြောင်း၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့်တွေ့ဆုံ
09/05/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg နှင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ တွေ့ဆုံသည်။
ဒုတိယဝန်ကြီးဦးကျော်လင်း ကျိုက်ထို - သထုံလမ်း ဒေဗရမ်းတံတားနှင့် ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်နေသော အိန္ဒု - ကော့ကရိတ်လမ်းအား ကြည့်ရှုစစ်ဆေး
09/05/19
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ယမန်နေ့ နံနက်ပိုင်းက B.O.T စနစ်ဖြင့် ဆောင်ရွက်နေသောဘုရားကြီး - ကျိုက်ထို - သထုံလမ်း မိုင်တိုင်အမှတ် ၁၁၆/၂ - ၁၁၆/၃ ကြား လမ်းအသုံးပြုခ ကောက်ခံရေးစခန်း တည်ဆောက်နေမှုနှင့် ကတ္တရာကွန်ကရစ်လမ်း ခင်းနေမှုအား
မံစီနှင့် မိုးမိတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
09/05/19
မူးယစ်တပ်ဖွဲ့စု(၁) ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၈ ရက် နံနက် ၉ နာရီက မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာအနီးရှိ လမ်းပေါ်တွင် လှမျိုးသန်း(ခ)ဖိုးထော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ
မင်္ဂလာဒုံနှင့် ပင်လောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
09/05/19
နေပြည်တော် ၉ မေ
မူးယစ်တပ်ဖွဲ့စု(၄၁) ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၈ ရက် နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း၌ ဂျွန်အာယု၊ ဇော်မင်းအောင်နှင့် မသဲအိဖြူတို့အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀ဝ၀ နှင့် လက်ကိုင်ဖုန်းသုံးလုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၁၃/၂၀၁၉) ကျင်းပ
09/05/19
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၁၃/၂၀၁၉) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ အပစ်အခတ်ရပ်စဲရေး (၂၅)နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကျင်းပ
09/05/19
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ အပစ်အခတ်ရပ်စဲမှု (၂၅)နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့၊ ပန်ကန်းကျေးရွာရှိ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ဗဟိုဌာနချုပ်ခွဲ) ၌ ကျင်းပသည်။