Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. David Hale အား လက်ခံတွေ့ဆုံ
03/05/19
နေပြည်တော် ၃ မေ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. David Hale အား ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး ၅ ထပ်ဆောင်ဆောက်လုပ်နေမှုနှင့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ ၂ လမ်းသွားကားလမ်း ဖောက်လုပ်မည့် စီမံကိန်းလမ်းပိုင်းအား ကြည့်ရှုစစ်ဆေး
03/05/19
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာရာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ရောက်ရှိကြသည်။
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ဘုရားဝင်းအတွင်း ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ကျင်းပ
03/05/19
မန္တလေး ၃ မေ
ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်ကို ယနေ့ည ၇ နာရီခွဲက မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ဘုရားဝင်းအတွင်း၌ ကျင်းပသည်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ Heat Stroke (အပူရှပ်)လူနာ နှစ်ဦး တက်ရောက်ကုသ
03/05/19
မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ အပူရှိန် လွန်ကဲမှုနှင့်အတူ အပူဒဏ်ကြောင့်ဖြစ်ပွားသည့် Heat Stroke (အပူရှပ်)လူနာ နှစ်ဦး တက်ရောက်ကုသမှုခံယူခဲ့ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုးက ပြောကြားသည်။
အင်းလေးခေါင်တိုင်စခန်းမှ နဝမတန်းလူရည်ချွန်များ ပင်းတယနှင့် တောင်ကြီးမြို့နယ်တို့ရှိ အထင်ကရ နေရာများအားလေ့လာ
03/05/19
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့ နံနက်ပိုင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရိုးရာ ယဉ်ကျေးမှု၊ လက်မှုလုပ်ငန်းများ၊ အထင်ကရနေရာများနှင့် တောင်ကြီးမြို့နယ် အေးသာယာစက်မှုဇုန်အတွင်းလေ့လာကြသည်။
ASEAN Work Plan on Sports 2016-2020 Mid-Term Validation Workshop အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်
03/05/19
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေ ၇ မှ ၉ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
စလေရုပ်စုံကျောင်းနှင့် ရှင်ပင်စာကြိုလှဘုရားသို့ အဋ္ဌမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူများ သွားရောက်လေ့လာ
03/05/19
ပုဂံလူရည်ချွန်စခန်း၌ ရောက်ရှိနေသည့် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် စလေရုပ်စုံကျောင်းအား လေ့လာပြီး ရှင်ပင်စာကြိုလှဘုရားအား ဖူးမြော်ကြည်ညိုကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ INNO City (Group) မှ လူနာတင်ယာဉ် လွှဲပြောင်းပေးအပ်မည်
03/05/19
လူနာတင်ယာဉ်လွှဲပြောင်းပေးအပ်ရခြင်းမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အရေးပေါ်ရှေးဦးပြုစုခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်းသိရသည်။
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေအား စတင်အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲကျင်းပမည်
03/05/19
နေပြည်တော် ၃ မေ
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ရေးဆွေးနွေးပွဲ (Stakeholders Forum on the Implementation of the OSH Law)ကို မေ ၆ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။
အဖတ်များဆုံး သတင်း
- 6/Jul/2026